အိုးဋီကာ

ethereal,sparse medival folk, 1370s horse stable demo tape folk|harp punk, hyper swing darkwave techno electro swing, ch

August 5th, 2024suno

Lyrics

…" အိုးဋီကာ "……ဆိုတာရှင်းပြမယ် မိန်းမ ဆိုတဲ့အမျိုးက မြေအိုးလိုပဲ…ကိုကို.... ကိုကို တို့လို "ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင် မှောက်ထားရုံသက်သက် အိုးအပြင်နှုတ်ခမ်းမှာ ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။ သူတို့ကို လက်ထပ်ရတာက ဆက်စပ်သမျှ အကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲ ရိုးရိုးလေး တွေးမယ်ဆို အိုးရွေးဝယ်ရသလိုပဲပေါ့နော်။ အနယ်မနာ မီးမကျက် ကွဲအက်လွယ်တဲ့အမျိုးကို စပ်စလူးအိုးလို့ ခေါ်သကွဲ့ ဘယ်တော့မှ မဝယ်နဲ့နော် ။ မီးပေးနာထားလို့ ဧည့်သည်လာတိုင်း အရှက်ခွဲ မျက်နှာမည်းတဲ့အိုးမျိုး လျှော့စျေးနဲ့ရောင်းတောင် မျက်စောင်းမထိုးမိစေနဲ့ ကွဲ့။ ရေဘယ်လောက် ဖျန်း ဖျန်း မကျေမချမ်းနဲ့ အမြဲတမ်း ဆူဆူပူပူ နှုတ်ခမ်းထူတဲ့အိုး များ ဘယ်သူက အလကားပေး ပေး ယူဖို့မတွေးလေနဲ့…ကိုကို အဖိုးနည်း ရင် အိုးကွဲပဲ ရမတဲ့ အိုးရွေးမှန်မှလည်း အကျိုးပေးသန်မှာပဲ မဟုတ်လား ။ အိုးကြီး အိုးသေး တစ်မျိုးပြီး တစ်မျိုးရွေး ကြေးတိုးပေးဖို့ အိုးစျေးတန်းကတော့ သွေးတိုးစမ်းနေဦးမှာပဲ…ကိုကိုရေ့ အက်ကြောင်းတလျှောက် မိတ်ကပ်နဲ့ဖျောက်ထားတဲ့ ပေါက်ပြီးသား အိုးတွေ……။ မလှိမ့်တစ်ပတ်နဲ့ စိမ့်တတ်တဲ့ အိုးတွေ……။ လည်သိမ် အောက်ကား ဆောင့်ကြွားကြွား အိုးတွေ……။ ကနုတ်များများရေး အရုပ်အသားပေး အိုးတွေ……။ ကန့်သတ်ချက် မရှိဘူး နှံ့စပ်အောင် လျှောက်ကြည့် ပတ်ပတ်လည် မြှောက်ကြည့် လက်နဲ့ ခေါက်ကြည့် "ဒေါက်"…လို့ အသံထွက်ရင် ပေါက်ထွက်မယ့်အိုး လို့မှတ် "ဒပ်"…လို့ ထွက်တဲ့အသံ လက်မခံပါလေနဲ့ အက်သံပါနေသတဲ့ကွဲ့ နားထဲမှာ ကြည်လင် "ဒေါင်"…လို့ မြည်ရင်တော့ ပီပြင်တဲ့အိုး ရပဟေ့ အဖိုးအခ စျေးများလည်း အပြေးအလွှားဝယ် တလေးတစားသာ သယ်ခဲ့တော့ အဲဒါ……… ညီတို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ…အချစ်ဆုံးကိုကိုရေ။ စျေးဝယ်ဆိုမှတော့ စျေးလယ်ထိတော့ ရောက်အောင်သွား တန်းထားတဲ့အိုးတွေ ရှိတယ် လမ်းသလားတဲ့အိုးတွေ ရှိတယ် အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ် မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ် အဖိုးသားနား အနည်းအများ အမျိုးအစားလည်း ကွဲပြားတယ် အိုးမမှားဖို့……ကြိုးစားဖို့က အမျိုးသားတိုင်း သဘောပေါက် ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့ အချိုးပြေ မပြေသိရအောင် အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…ကိုကိုရေ။

Recommended

Jožin z Bažin
Jožin z Bažin

instrumental intro ,Math rock, mutation funk, emotional, EDM, female vocals, ,metal, folk, powerful. epic, melodic

Rush to the Azores
Rush to the Azores

urgent psychedelic pop rock dreamy

Voyage Multimonde
Voyage Multimonde

dansant énigmatique électro

Be Still and Know
Be Still and Know

Swamp Blues, Stadium anthem, Dreamy pop, Bass Drops

Beni Affet
Beni Affet

emotional, rock

Justin Bieber
Justin Bieber

dubstep edm, emotional female vocals

Les Poules de Jérémy
Les Poules de Jérémy

hip-hop old-school humoristique

Собачья песня by Мыкола Билюк
Собачья песня by Мыкола Билюк

blues, female power vocal, emotional, dark, Moody, regretful, heavenly, heartfelt

Baile del Destino
Baile del Destino

Una cancion de reguetton acerca de como nos conocimos en la playa.

Сағындым
Сағындым

atmospheric synthwave

72
72

birthday, broadway, lo-fi house

L’Amour de Dieu
L’Amour de Dieu

soulful simple pop

Midnight Starlight
Midnight Starlight

electric guitar, metal, melodic metal, drum, bass, epic

Echoes of the Past
Echoes of the Past

Symphonic metal, Power metal, Metal, Symphonic rock, Rock

Heart of Hell  [SSC3 Winner, Switzerland]
Heart of Hell [SSC3 Winner, Switzerland]

Electric Violin, Modern Violin, Electric Dance Music, Dubstep, Adult Female Voice, Ambient noise

Hello! Ma Baby
Hello! Ma Baby

beat box A Cappella Catchy Melody Upbeat Metal Tempo Close Harmony Lead Tenor Baritone Bass, dance, electronic

With You
With You

Deep House, Chillout, Lounge, melodic, mellow, laid-back, female vocal

Electric Daydreams
Electric Daydreams

vaporwave retrowave swing soft indie-pop