မှီဖူတယ်

mellow, piano, catchy

July 6th, 2024suno

Lyrics

ပိုက်ဆံအကြွေ ဆယ်ပြား တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်.... လက်ဘက်ရည်တစ်ခွက်၊ ခေါက်ဆွဲကြော်တစ်ပွဲဆိုတာနေမကောင်းတဲ့ အခါမှစားရတဲ့ အလွန်အရသာရှိတဲ့ အစားအစာဖြစ်တဲ့ ခေတ်ကို မှီ ခဲ့ဘူးတယ်... အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်... မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့လို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်... ဘာအကြောင်းကြောင့် နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်... ကိုယ်ပိုင်ကားမပြောနဲ့စက်ဘီးတောင် လူတိုင်း မစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်... ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ် ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့ မိဘကို မညိုငြင်တဲ့ခေတ်ကို မှီခဲဘူးတယ် (ခုခေတ်ကအာ့လိုမျိုးဆို သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ်ဆိုတဲ့ခေတ်) နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကို ပျော်ရွှင်စွာ ကစားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်.... တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ် ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး (အိပ်ပြီး)မနက်မိုးစင်စင်လင်းမှ ထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကို မှီခဲ့ဘူးတယ်... သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ် ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကို မှီခဲ့ဘူးတယ် ... ပြန်တွေးလိုက်ရင် အရာရာဟာ လွမ်းစရာတွေပါပဲလေ...? တချို့ ခေတ်တေမှီခဲ့ဖူးတယ် ခုတော့မရှိတော့ပါဘူး။

Recommended

Fading
Fading

Melodic Hip-Hop, Soft Melody, Fast Tempo

US State Capitals
US State Capitals

Rap, R&B, Hip-Hop, melodic, catchy

Ostatni Raz
Ostatni Raz

Ballada, pop, emo

The Stupervisor
The Stupervisor

rock,psychedelia,energetic,heavy,psychedelic,hard rock,cryptic

Teu Nome é Santo (Weelington Silva)
Teu Nome é Santo (Weelington Silva)

pop, beats, pop rock, pop edm, rock, folk rock, electro, jazz rock

He stays,
He stays,

bedroom pop female mid range

The Little Ol' Spider
The Little Ol' Spider

melodic acoustic country

Freedom costs
Freedom costs

Жіночий реп, deep house, chorus in minor, bass

Cinta yang Kembali
Cinta yang Kembali

Jazz, groovy, sax violin guitar soul piano

ወርቅ ከፊት
ወርቅ ከፊት

with a pulsating rhythm to keep the energy high., eurodance, synth-heavy with a driving beat, pop, and punchy electronic drums. features dynamic male and female vocal interplay, layered synth melodies

I Like To
I Like To

rap, beat, hip hop, bass

Twilight's Serenade
Twilight's Serenade

épico, violín, voz femenina clara, bárdico, acústico, [música de taberna], medieval, oscuro, [onda etérea] , celta

Guilty Pleasure
Guilty Pleasure

60's jazz pop, female vocal quartet,

My Sad Love Story
My Sad Love Story

ballad piano-driven melancholic

Desigual Realidad
Desigual Realidad

rap desgarrador emotivo